Friday, July 22, 2016

ထာဝရလူသားနှင့် ကောင်းကြီး + မင်္ဂလာ

                                   ထာဝရလူသားနှင့်ကောင်းကြီး + မင်္ဂလာ
                                    ===========================
                                     Gen. 12:1-3, Det. 12, Lk. 2:35, Mt. 5-7
                    ဘုရားသခင် ...ပေးသနားတော်မူသော
"ထာဝရတည်တံ့သည့် ကောင်းကြီးမင်္ဂလာ"ကို ဘယ်သူခံယူချင်ပါသလဲ?
ကောင်းကြီးနှင့် မင်္ဂလာသည် အတူပေါင်းစည်းမထားပါ။ ကောင်းကြီးသည် သီသန့်ရှိနေပြီး၊ မင်္ဂလာသည်လည်း သီးသန့်ရှိနေသည်။
ကောင်းကြီးခံရသူသည် မင်္ဂလာရှိချင်မှရှိတာပါ။ ကောင်းကြီးခံရသူတိုင်းလည်း မင်္ဂလာမရှိပါဘူး။
ဒီလိုပဲ ... မင်္ဂလာရှိသူလည်း ကောင်းကြီးခံစားချင်မှ ခံစားရတာပါ။ မင်္ဂလာရှိသူတိုင်းလည်း ကောင်းကြီးမရှိဘူး။

ဘာကြောင့်လဲ?
ကောင်းကြီးရချင်ရင်
ဘုရားသခင် တောင်းဆိုတာလုပ်ရတယ်။
မင်္ဂလာရှိချင်ရင်
ကျေးဇူးတော်၌ ဘုရားသခင် ပေးတော်မူသော ခရစ်တော် သင်ပေးသလို အသက်ရှင်ရတယ်။ "ကျေးဇူးတော်မှတပါး အခြားသော မင်္ဂလာ ကျွန်ုပ်၌မရှိ" စကားတော်ကို ဝန်ခံချင်ရင်ပေါ့။
ဘာတွေများပါလိမ့်? ဘာတွေလုပ်ဆောင်ရမှာလဲ?
ကောင်းကြီးဆိုတာဘာလဲသိဖို့လိုတယ်။
ဘုရားသခင် ပေးတဲ့ ကောင်းကြီးဟာ -
၁။ အသက်ရှည်ခြင်း
လောကမှာ အသက်စေ့နေရမယ်။ ထာဝရ အသက်အပိုင်ရမယ်။
၂။ ကျန်းမာခြင်း
အသက်ရှင်စဉ် ကိုယ်၊ စိတ်၊ ဝိညာဉ် ကျန်းမာရွှင်းလန်းလိမ့်မယ်။ ဝိညာဏခန္ဓာ ပိုင်ဆိုင်ရလိမ့်မယ်။
၃။ သားသမီးရရှိခြင်း
မိမိချစ်သော မယား/ ခင်ပွန်းနှင့် သားသမီးများစွာ ထွန်းကားလိမ့်မယ်။ မိမိအသက်တာအားဖြင့် ဝိညာဉ်သားသမီးများ မွေးဖွားပြုစုရလိမ့်မယ်။
၎။ ရန်ငြိမ်းခြင်း
ရန်သူများ တိုက်ခိုက်မူကို ကာကွယ်ပေးသလို၊ ရန်ပြုသူအပေါင်းကို တိုက်ခိုက်အနိုင်ယူပေးလိမ့်မယ်။
၅။ စည်းစိမ်ချမ်းသာခြင်း
လောက၌ စားဝတ်နေရေး အဆင်ပြေခွင့်ရသကဲ့သို့ ကောင်းကင်ဘဏ္ဍဆည်းဖူးခွင့် ရလိမ့်မယ်။
========
ကမ္ဘာဦး ၁၂: ၁-၃ မှာ
အဗြံဟံကို ဘုရားသခင် တောင်းဆိုထားတာတွေ့ရတယ်။
တရားဟော ၁၂ မှာ
ဣသရေလ (Isreal) တွေကို တောင်းဆိုထားတာတွေ့ရတယ်။
အဓိက ရည်ရွှယ်ချက်က -
ထာဝရဘုရားသခင်ကို လုံးဝမသိ၊ မသိလိုသူ၊ နားလည်မူ-သဘောတရားသာလျှင် လုပ်လိုသူများ အုပ်စုအဖွဲ့ - အမျိုးအစားထဲကနေ ထွက်သွားဖို့ဖြစ်တယ်။ ဘုရားသခင်ကို သေသည်အထိ လုံးဝဖက်တွယ်သွားဖို့ ဖြစ်တယ်။
ဒုတိယအနေနဲ့ .....
မိမိနတ်ဆိုးရိုးရာတွေနှင့် အတွေးအခေါ်၊ ခံယူချက်ဟောင်းတွေ စွန့်ပြီး၊ ထာဝရဘုရား ညွှန်ကြားတဲ့ လမ်းခရီးနှင့် အနာဂတ်ပြည်ကို ယုံကြည်ခြင်းဖြစ်သွားဖို့ဖြစ်တယ်။
ဒီနှစ်ချက်ကို ဘုရားသခင် တောင်းဆိုတယ်။ ယနေ့ ယုံကြည်သူလို့ ပြောနေတဲ့ လူများဒီအရာများကို သဘောမပေါက်တာလား? မသိတာလား? လွဲမှားနေလို့ ဘုရားရှင် ပေးတဲ့ ကောင်းကြီးမရကြဘူး။ မယုံကြည်သူနှင့်အတူတူ ဘာမှမကွာခြား၊ လူသားအဖြစ်နဲ့ အသက်ဆုံးသွားရတယ်။ ထာဝရလူသား မဖြစ်လိုက်ကြ။
=====
ကျေးဇူးတော်၌ မယ်တော်မာရိဟာ လောက၌ မင်္ဂလာအရှိဆုံး လူသားဖြစ်တယ်။ ဘာကြောင့်လဲ?
ခရစ်တော်အတွက်ကြောင့် (သူမ ဝမ်းနဲ့ လွယ်ပြီးမွေးဖွားခဲ့တယ်။ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။)
ဒါပေမဲ့ သူမ "အသဲ" သံလျက်နဲ့ မွမ်းခံရသလို လူတွေရှေ့မှာ ခရစ်တော်ကို အရှက်ခွဲ၊ ရိုက်နက်၊ ကြိမ်ဆဲ၊ အသေသတ်လိုက်တာကို သူမ ဒီအတိုင်းကြည့်ရင်း အသဲအစိတ်စိတ်အမွှာမွှာ အခွဲခံလိုက်ရခြင်းဟာ သူမရဲ့ မင်္ဂလာရှိခြင်း၊ ဘုရားသခင် ပေးတဲ့ "မင်္ဂလာ" ဖြစ်တယ်။
ကဲ! ယုံကြည်သူများ "မင်္ဂလာ" ရှိချင်ပါသလား? ဘုရားသခင် ပေးတဲ့ "မင်္ဂလာ" ရှိချင်ရင် ခရစ်တော်အားဖြင့် သင်ပေးတဲ့ စကားတော်ကို လိုက်နာပါ။
မဿဲ ၅- ၇ တောင်ပေါ်ဒေသနာကို ဖတ်ပါ။ မှတ်ပါ။
အိန္ဒိယလွှတ်လပ်ရေး ဖခင် ဂန္ဒီ ဟာ ယုံကြည်သူလို့ ပြောမရပေမဲ့၊ သူရဲ့
အင်္ကျီအိတ်ထဲ မဿဲ ၅-၇ ကို အမြဲဆောင်ထားခဲ့တယ်။
မင်္ဂလာရှိသူဟာ "မျက်ရည်ကျလျက် မျိုးစေ့ကျဲတဲ့ သူများ" (ဝါ) မယ်တော် မာရိကဲ့သို့ ဒီအတိုင်းကြီး သူမ သား "ခရစ်တော်" ရက်စက်ခံနေကြတာကို ဘာမှမတုံ့ပြန်နိုင်ပဲ၊ "အသဲ" တစက်စက်အနာခံနေရင်း၊ ဘုရားရှင် တုံ့ပြန်မှာကို မျှော်ကိုးသူဖြစ်နေကြရမယ်။
============
ယုံကြည်သူမှန်ရင် ထာဝရလူသားဖြစ်ရမယ်။ ထာဝရလူသားဟာ ကောင်းကြီး + မင်္ဂလာရှိ ရပါမယ်။
ကောင်းကြီးမင်္ဂလာခံစားရသူသည် မိမိတစ်ဦးတည်းအတွက်မှ အဗြံဟံကဲ့သို့ (ကမ္ဘာ ၁၂း ၃) "သင့်အားဖြင့် လူသားအပေါင်း ကောင်းကြီးမင်္ဂလာ ခံစားလိမ့်မည်ဟု မိန့်တော်မူ၏။"
============================
"ကောင်းကြီး+မင်္ဂလာရှိသော ထာဝရလူသားဖြစ်ကြပါစေ။"
ref: Blessing and Blessedness (Dr. L Hre), nkjv, m.w.g.
Angle of God (Logos)


Previous Post
Next Post

0 comments: