ကောင်းကြီးနှင့် မင်္ဂလာဖြစ်ပွားစေသော
သင့်ခန္ဓာ ဘုရားဥစ္စာ
================================
၁ ကော ၆း ၁၉ - ၂၀
(read slow)
မိမိ၌ မရှိနိုင်၊ မရနိုင်တဲ့ အာရုံများနှင့် အင်္ဂါများကို တမ်းသနေမဲ့အစား မိမိ၌ရှိတဲ့ အာရုံများနှင့် အင်္ဂါများကို အစဉ်ဂရုစိုက် ထက်နေအောင်သွေး၊ အသုံးပြုတတ်ရင် ....
Eye ....
မျက်စိဆိုတာ မြင်မြင်သမျှသောအရာများကို သေသေချာချာကြည့် (လူ၊ တိရိစ္ဆာန်၊ အရာပစ္စည်း၊ ဘာသာရေး၊ စသဖြင့်) အမျိုးအစားခွဲခြားတတ်ဖို့၊ မှတ်သားထားဖို့ ဖြစ်တယ်။ mk. 10:51
အာဗြဟံဟာ နေပူထဲ လျှောက်လာတဲ့ ဧည့်သည် ၃ ပါးကို သေသေချာချာ ကြည့်ခဲ့တယ်။ ကောင်းကင်တမန်များကို မျက်စိနှင့် မြင်တွေ့ခွင့်နှင့် ဧည့်သည်ဝတ်ပြုခွင့်ရခဲ့တယ်။ gen.18:2
ယုံကြည်သူတော်တော်များ ဧည့်သည်ကို သေသေချာချာ မကြည့်ပဲ၊ ကောင်းကင်တမန်အထင်နဲ့ နတ်ဆိုးများကို ပြုစုနေတတ်ကြတယ်။ ဒါကြောင့် သေသေချာချာကြည့် မှတ်ထားရမယ်။
Ear...
နားဆိုတာ ကြားရုံသက်သက်မဟုတ် သေသေချာချာ မလွဲအောင်ကြားတတ်၊ နားထောင်သင်ယူတတ်ဖို့ ဖြစ်တယ်။
mt.11:15
ရှင်ယာကုပ်က "နားကြားခြင်းငှါ လျှင်မြန်စေ" လို့ သတိပေးခဲ့တယ်။ 1:19
Touch.
ဘာနဲ့ပဲထိထိ ... ကိုယ်နဲ့ဆက်ဆံတဲ့ အရာတိုင်း အထိအတွေ့ကို အထူးသတိထားတတ်ဖို့ ဖြစ်တယ်။
"မပေါ့စ" မိနဲ့။
Taste...
(လျှာ) အရသာခံခြင်းဆိုတာ အန္တာရာယ်ကို ရှောင်ရှားတတ်ဖို့၊ ကိုယ့်အတွက် - မိသားစု - လူမျိုးအတွက် ကောင်းတဲ့အရာကို မြည်းစမ်း ရယူတတ်ဖို့ ဖြစ်တယ်။
ဒါဝိဒ်မင်းကြီးက "ထာဝရဘုရားသည် ကောင်းမြတ်ကြောင်း မြည်းစမ်းစေတယ်"
ps 34:8
Smell....
ရှုရှိုက် အနံ့အရသာသည် တစ်ကိုယ်လုံးရှိ အာရုံကို အချက်ပေးတဲ့ နိုးစက်ဖြစ်တယ်။ အကျိုးဖြစ်ရှင်သန်စေမဲ့ အနံ့အသက်ကို ရှုရှိုက်တတ်ဖို့ ....
ပူဇော်ယဇ် သင်းရနံ့ဟာ ဘုရားသခင်ကို လှုပ်နိုးစေရဲ့လား? သင့်အထဲက ထွက်တဲ့ သင်းရနံ့ဟာ လောကကြီးအတွက် အကျိုးရှိပါရဲ့?
Brain..
ဦးနှောက်ဆိုတာ အာရုံခံသမျှကို သိုလှောင်ရာ ဂိုဒေါင်.... များများထည့်သိမ်းထားနို်င်ခြင်းကို IQ ဦးနှောက် ကောင်းတယ်။
လေးလေးနက်နက် အစီအစဉ်တကျ သိုလှောင်အသုံးပြုတတ်ခြင်းကို EQ ညာဏ်ကောင်းတယ်။
Skill..
ီဦးနှောက်ထဲ သိုထားသမျှကို စားမြုပ်ပြန်သလို ထပ်ခါတလဲလဲ ဆင်ခြင်အသုံးပြုတတ်တဲ့အခါ ကျွမ်းကျင်ခြင်းကို ပေးတယ်။ ရဲရင့်ခြင်းကို ပေးတယ်။
Heart....
နှလုံးသားဆိုတာ အထက်အာရုံများက ပို့ပေးသမျှကို တရားစီရင် ဆုံးဖြတ်ပေးတဲ့ တရားသူကြီးဖြစ်တယ်။
"အဆုံးအဖြတ်" ပေးတတ်တဲ့ ဒီနှလုံးသားကို ဘုရားသခင် မကြာခဏ တောင်းဆိုတတ်တယ်။ ဘာကြောင့်လဲ? ဆုံးဖြတ်ချက် အမှားတွေပြု ဒုက္ခရောက်မှာ စိုးရိမ်ပေးလို့ပါ။
အတွင်းကလီစာ (organ) များဟာ အာရုံများနှင့် အင်္ဂါရပ်များကို ကြီးထွားစေရန် စက်ပစ္စည်းများ ဖြစ်ကြတယ်။
Spirit
ဝိညာဉ်ဆိုတာ ထာဝရကာလကို မျက်မှောက်ပြုရန် အထိန်းအချုပ် အကြီးအကဲ "အသက်" ဖြစ်တယ်။
jms. 2:26
သင့်အာရုံများနှင့် အင်္ဂါအစိတ်အပိုင်းများရှိ သွေးများအထဲ ထိုအသက်ဝိညာဉ်ဟာ သွားလာလည်ပါတ်နေတယ်။
လူမျိုး ... အမျိုးအစား ကွဲပြားစေသလို၊ သွေးအမျိုးအစား ကွဲပြားစေတယ်။ လူမျိုးတိုင်း ဘာသာစကားနှင့် ရေမြေတောတောင်က သင်ပေးလိုက်တဲ့ ရိုးရာယာဉ်ကျေးမူ ဟန်အမူအရာ ရှိကြတယ်။ ဒီဘာသာစကားနှင့် ရိုးရာယာဉ်ကျေးမူ ဟန်အမူအရာက ဘုရားသခင်ကို လိုအပ်ကြောင်း အမြဲညွှန်ပြနေတယ်။
ဒီလိုပဲ၊ သွေးအမျိုးအစားတိုင်းမှာ သူတို့ဓလေ့၊ သွားလာလှုပ်ရှားမူ သဘောတရားရှိတယ်။ ထိုအရာတွေက ဘုရားသခင် လိုအပ်ကြောင်း သက်သေထူနေတယ်။ ...
ဒါကြောင့် ... လူ့အသက်ဝိညာဉ်ဟာ ထိုအသွေးအသားထဲ သွားလာလည်ပါတ်နေတဲ့ လူ့အသက်ဝိညာဉ်ဟာ ခန္ဓာတစ်ခုလုံးရဲ့ အဓိက ပုဂ္ဂိုလ်အကြီးအကဲ ဖြစ်တယ်။
ထိုဝိညာဉ်ဟာ ဘုရားသခင် ကျိန်းဝပ်ရာ ဗိမာန်တော် ဖြစ်တယ်။ ယုံကြည်သူတိုင်း ဝိညာဉ်ဟာ ဘုရားသခင် ပိုင်ဆိုင်သော ဝိညာဉ်များဖြစ်တဲ့အတွက် သတ်မှတ်ထားသော အချိန်ရောက်ရင် ဘုရားသခင် ရုတ်သိမ်း ခေါ်ဆောင်သွားတယ်။
လူ့ဝိညာဉ်နဲ့သာလျှင် ဘုရားသခင်နှင့် ဆက်သွယ် စကားပြော၊ ကိုးကွယ်လို့ရတယ်။
ခရစ်တော်က "သင့်အာရုံတစ်ခုခု (သို့) အင်္ဂါတစ်ခုခုသည် သင့်အား လမ်းမှားသို့ ပို့လျှင် ပြတ်ပစ်လိုက်" Mt. 5:30, 18:8-9
=====
ဘုရားရှင် ဒီအာရုံများနှင့် အင်္ဂါများကို လူတွေအတွက်... လူတွေ၌ ... ဖန်ဆင်းတပ်ဆင်ပေးခဲ့တယ်။
ရံဖန်ရံခါ သင့်ဘေးနားမှာ အာရုံတစ်ခုခု / အင်္ဂါတစ်ခုခုချို့တဲ့နေတာမြင်ရမှာပါ။
အဲဒီအခါ ... သင့်အာရုံများ / အင်္ဂါများကို တန်ဖိုးထားဖို့ "မီးဝါပြ" သတိပေး လိုက်တာဖြစ်တယ်။
=========
ကောင်းပေသည်ဟု မိန့်တော်မူပြီး ကောင်းကြီးပေးခဲ့တဲ့ သင့်အာရုံနှင့် အင်္ဂါအစိတ်အပိုင်းများဟာ သင့်ရဲ့ ဘဝအနာဂတ်ကို ကောင်းကြီးဖြစ်စေသလို၊ မင်္ဂလာလည်း ဖြစ်စေတဲ့အတွက် တန်ဖိုးရှိရှိ အသုံးပြု ထိန်းသိမ်းတတ်ပါစေ။
=============
ref: The Body, not yours but of Gods',
nkjv, m.w.g.
Angle of God ( Logos )
0 comments: