Wednesday, August 31, 2016

Empire အင်ပါယာ By Saya Kyaw Oo

အင်ပါယာ
အသင် နှလုံးသား အင်ပါယာ
===========================
Rev. 3:20


အီဂျစ် ....
နေမဝင်အင်ပါယာ
နေမင်းမှဆင်းတက် ဘုရင်ဖါရ်ရော... မိမိကိုယ်မိမိ ပညာအတတ်ဆုံး၊ နည်းစနစ်အကျဆုံး၊ အပီပြင်ဆုံး၊ အချမ်းသာဆုံး၊ အပြတ်သားဆုံး၊ .... ထင်ခဲ့တယ်။
အို... အီဂျစ်
အကြင်နာတရားထားလျက်
အသင့်ထံသို့ ဘုရားသခင် သူ့လူမျိုးကို နှစ်ပေါင်း ၄၀၀ ကျော် စေလွှတ်ခဲ့တယ်။ အံသြဘွယ် .... နိမိတ်လက္ခဏာနဲ့ ဘုရားသခင် သူ့လူမျိုးကို ပြန်ခေါ်ထုတ်သွားတာလည်း သင်တွေ့ကြုံခဲ့တယ်။
ကုန်စင်ပြောရရင် ...
အသင့်ထံသို့ "ခရစ်တော်" ကိုယ်တိုင် ဧည့်သည်အဖြစ်လာခဲ့တယ်။
ဘုရားသခင်သည် တုပကင်း ဘုရားရှင်ဖြစ်ကြောင်း၊ အရိပ်တော်မှာ ခိုလုံသောသူတိုင်း
သူဘုရားရှင်လူမျိုးအဖြစ် သတ်မှတ်ကြောင်း၊ အသက်ကို ထာဝရ ပိုင်ဆိုင်ရကြောင်း အသင်သိလေပြီ။
သို့ပေမဲ့ အသင်မှစ၍၊ အသင်၏ ဘုရင် ဖါရ်ရောတို့သည် အမှောင်တွင်ထိုင်၊ စိတ်ကိုသံမှိုချ၊ သြတ္တပ စိတ်ကို ချည်နှောင်ခဲ့လေပြီ။ ထာဝရဘုရားကို လုံးလုံးစွန့်လေပြီ။
သို့ဖြစ်၍၊
အသင်သည်
ဘုရားပျောက်၊ မင်းမဲ့ ၊ မျိုးသုန်း၊ ပြည်အကျိုးမပေး၊ တိုင်းတပါးအုပ်စိုးမူအောက် ထာဝစဉ် ကျရောက်ရလေပြီ...မဟုတ်လား?
======
ဆီးရီးယား....
နေမဝင်အင်ပါယာ
နတ်ဘုရားမှ ဆင်းသက်တယ်။ လူမျိုးကြီး ပြိုင်စံကင်း စစ်ဗြူဟာနဲ့ မာန်မာန ထောင်ခဲ့တယ်။
အကြင်နာထားလျက်
အံသြဘွယ် ငါးကြီးဝမ်းထဲမှ ဘုရားလူ ယောနကို စေလွှတ်ခဲ့တယ်။ တစ်မြို့လုံး ပြာပုံဖြစ်မှာ ကြောက်လို့ပဲလား? လက်တစ်လုံးခြား နောင်တအတုတွေ ပြခဲ့တယ်။
ကုသစရာ နူသည်များအကြား စစ်ဗိုလ်ချုပ် နာမာန် နူနာကိုမှ ရွေးကာ ဘုရားလူ ဧလိရှဲ ကုသပေးခဲ့တယ်။
တမန်တော်များ၊ ဘုရားလူများ မကြာခဏ အဆက်မပျက်စေလွှတ်ခဲ့သော်လည်း၊ မူယာတွေများ၊ စိတ်တွေများလို့ မပူမအေး ကျင့်ကြံခဲ့တဲ့ နှစ်ဖက်ချွန် အသင့်အတွက် "ငါသည် ရွံ့မုန်းအော့အန်သည်"။
အီဂျစ်ကဲ့သို့ အသင်သည်လည်း မင်းပျောက်၊ လူမျိုးပျောက်၊ ဘာသာပျောက်ကွယ်၊ တိုင်းတစ်ပါး ကြီးစိုး၊ ရင်ထုနေရင်း သေလိမ့်မည်... မဟုတ်လား?
======
ဘာဘီလွန်
ရွှေနိုင်ငံအင်ပါယာ
နိုင်ငံတကာ ပညာအတတ်ပေါင်းစုံ တက္ကသိုလ်ကြီးဖွင့်လှစ်၊ ကျောင်းတော်ဆင်းများကို လက်အောက်ခံစေခိုင်းနိုင်ပြီမို့၊ ပထမအကြိမ် မာန်မာနထောင်လွှား၊ ကိုးကွယ်ထိုက်သူ ဘုရားသခင်မှတပါးမရှိကြောင်း ဘုရားလူမျိုး လူငယ် ၃ ဦး ဒေါသမီးအိမ်ထဲမှာ သက်သေပြခဲ့တယ်။ ပညာပေးသူ ငါဘုရားမှတစ်ပါးမရှိကြောင်းကို ဒံယေလ နှင့် သက်သေထူခဲ့တယ်။
ဟုတ်ပြီ။ မှန်ပါပြီ ... ဘုရားသခင်သာလျှင် ဘုရားရှင်ဖြစ်ကြောင်း ဝန်ခံသော်လည်း ပြောင်းလဲခြင်းကင်း ဘာဘီလုံ တိရိစ္ဆာန်ဘဝ ရောကခဲ့တယ်။ နောင်တဟန်ပြလေတော့ သနားကြင်နာတတ်တဲ့ ဘုရားရှင် နဂိုနေရာပြန်ပေးခဲ့တယ်။ ထူးမခြားတဲ့ သင်ဘာဘီလုံ သန့်ရှင်းရာကို ရီမောဟားတိုက် မထီပြုလို့ ....
ဘာဘီလုံမြို့ရိုး မတည်စေရ။ လူမျိုးမတည်တံ့စေရ။ ဘာသာဘုရားမရှိစေရ။ အမိန့်တော်ချမှတ် တိုင်းတစ်ပါးခြေအောက် အနိမ့်ဆုံးသို့ ဆွဲချတော်မူခဲ့တယ်။
=======
မီတိုပါးရှား ...
အာရှအိန္ဒိယတောင် ခြေအောက်ထားလို့ အမြင့်ဆုံးသို့ ချီမြှောက်ခဲ့တယ်။ ချီးမြှောက်ခြင်းသည် ကိုယ့်ကံမဟုတ်၊ သက်သေထူရန် ဒံယေလကို ခြေင်္သေ့တွင်းမှ သက်သေထူခဲ့တယ်။ ဧတာသ esther မိမိလူမျိုးဘဝဝထ္ထုဖြင့် သက်သေပြခဲ့တယ်။
သို့လေသော်လည်း
အောက်လက်ငယ်သား ပြည်သူနှင့်ဘာသာကြောက်၍ အသင်မင်းကြီး ဘုရားရှင်သခင်ကို စွန့်ပစ်ခဲ့တယ်။ အပ်နှင်းထားတဲ့ အာဏာတန်ခိုး ဘယ်ခါသုံးမှာလဲ? သူရဲကြောင်လို့ အသင့်အာဏာတန်ခိုးများ၊ အသင့်ဘဝ၊ တိုင်းနိုင်ငံများကို တိုင်းတစ်ပါးအားလွဲအပ်လေတယ် ... မဟုတ်လေလား?
======
ဂရိ greece
ဗိသုကာဘုရင်၊ တွေးခေါ်အရှင်၊ ရုံးပိုင်ဆိုင်ရာ ပညာရှင်၊ လျှင်မြန်သော သူရဲကောင်း ...
မောရှေမှတဆင့် စီရင်သော နှုတ်ကပါတ်တော်ကျမ်း lxx (OT) ကို အသေးစိတ်ဖတ်ရှု၊ မိမိဘာသာသို့ ပြန်ဆိုရေးသားရသော အထူးအခွင့်အရေးရှိခဲ့တယ်။ ဘုရားရှင်ရဲ့ ပုရောဖက်များ၊ ကျမ်းဆရာများနှင့် လူမျိုးတော်နှင့် ရင်းရင်းနှီးနှီး နေထိုင်ခဲ့ကြရတယ်။
သို့ပေမဲ့လည်း .....
မိမိရဲ့ ရှာဖွေတွေ့ရှိထားတဲ့ ဂြိုလ်အပေါင်း ဘုရားများ၊ ပင်လယ်တောတောင်ရေမြေနတ်များကို ဘုရားပြုကာ၊ မိမိရဲ့ တတ်ကျွမ်းလျှင်မြန်မူ၊ အတွေးပညာ၊ ကဗျာ အလင်္ကာ၊ ဗိသုကာများတွင်သာ နစ်မြုပ်၍၊ ဘုရားသခင်ကို သူတို့ဘာသာတရား၊ အကြောင်းဝထ္ထု ဒဏ္ဍာရီအဖြစ်သတ်မှတ်လေသောကြောင့် .....
အို ... ဂရိတ် အသင်၏ တတ်စွမ်းလျှင်မြန်မူခြေကို ချိုး၍၊ အသင့်ဘုရားများကို သူတစ်ပါးသိမ်းပိုက် အမည်ပြောင်းပြီ။ အသင်၏ပညာကို မိုက်မဲစေပြီ။ ကလေးများ ပုံပြောရာအဖြစ် ပြောင်းလဲစေပြီ။ မြို့ရိုးတို့သည် ပြတိုက်အဖြစ်ကျန်ရစ်လေပြီ .... မဟုတ်ပါလား?
========
သံမဏိဘုရင်
တိကျပြတ်သား၊ လမ်းကြောင်းအမှန်၊ မြန်ဆန်မူနှင့် ကြောက်ရွံ့မူကင်း၊ တက်ခြေမဆုတ် ...
အသင် ရောမ rome ...
အင်ပါယာ မှားမှန်ရွေးချယ်နိုင်ရန် ရှေ့၌ရှိပြီး၊ ဘုရားပေါင်းစုံ အင်ပါယာများဘုရား ကြိုက်ရာရွေးချယ် အမည်ပြောင်းလို့ မိမိဘုရားဖြစ်စေခဲ့ပြီ။
အကြင်နာတရားထား၍ အသင်ရွေးချယ်နိုင်လေရန် အသင့်ခေတ်၌ လူဇာတိခံ ဘုရားသခင် သားတော်ကြွမြန်းခဲ့တယ်။
နားရှိသောသူ ကြားနာနိုင်၊ မျက်စိရှိသောသူ မျက်တွေ့နိုင်၊ တိုနိုင်ထိနိုင်၊ အသင့်အနီး ကိုယ်တော်ကျင်လည်ခဲ့တယ်။
သို့ပါသော်လည်း
စီရင်ရွေးချယ် ကာလအချိန်ရောက်တော့ ပြည်သူပရိသတ်အများကို ကြောက်၊ မိမိခံယူယဉ်ပါးနေပြီဖြစ်တဲ့ လောကီစည်းစိမ် မစွန့်လွှတ်နိုင်၊ မိမိ ဇာတိမာန်မချနိုင်၊ အရာရာကို အသစ်အစပြုဖို့ မတွေးနိုင်လို့ ဘုရားစစ်မှန်ကြောင်း သိသော်ငြားလည်း ကားတိုင်ပေါ်တင်သတ် စီရင်ချက်ချမှတ်ခဲ့တယ်။
ဘုရားသခင်အလိုတော် .... ရှိစေတော့ဆိုရပေမဲ့၊ မျက်စိရှေ့မှောက် အစောင့်အကြပ်တွေကြား (၃) ရက်နေ့၌၊ သေခြင်းမှ ရှင်ပြန်ထမြောက် သက်သေအခိုင်အလုံ၊ သက်သေခံများ၊ တမန်တော်များ ဟောပြောချက်ကို "ငါပြောင်းလဲလုနီးပြီ" စကားအမိန့်မှလွဲ အသင်မပြောင်းလဲခဲ့။
ထောင်းပေါင်းများစွာ မျက်နှာမလိုက်၊ သနားခြင်းကင်း၊ သတ်နည်းမျိုးစုံဖြင့် ဘုရားသားများ ယုံကြည်သူအပေါ် ထပ်၍ပြစ်ကျူးလွန်ခဲ့ပြန်တယ်။
သို့ဖြစ်၍ ရက်စက်ခြင်း "ငရဲ" မှတပါး လူ့သမိုင်းတွင် အသင့်အတွက် မရှိတော့။
=======


ယနေ့ တိုင်းနိုင်ငံများနှင့်
အသင် "နှလုံးသား အင်ပါယာအရှင်" ကို ဒီကမ္ဘာမကြေ သမိုင်းမကွယ် တရားသတင်းဖြင့် ထပ်မှန်သတိပေး နိုးဆော်လိုက်တယ်။
အသင် နှလုံးသား အင်ပါယာရယ်....
ပြောင်းလဲပါတော့။ သခင် အသင့် နှလုံးသား တံခါးခေါက်လို့ နေတယ်။
အချိန်မနှောင်းခင် ဖွင့်လိုက်ပါလား။ ပြန်လာလည့်ပါတော့။
==========
ref: sameroll, where us God, nkjv, m.w.g.
Angle of God (Logos)
watchman
Previous Post
Next Post

0 comments: