သင်းတော်၏အဆုံးစွန်သော ရည်ရွယ်ချက်နှစ်ခုမှာအဘယ်နည်း။
DOWNLOAD PDF file
၁) ဘုရားသခင်၏မဟာစေခိုင်းချက်ကို နာခံရန်
ယေရှုပြောခဲ့သည်မှာ -
သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်/ သားတော်/ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမသြဝါဒပေးကြလော့ " (မသဲ ၂၈:၁၉/ ၂၀ )။
ဘုရားသခင်က ကျွန်တော်တို့အား-
၁) ကျွန်တော်တို့၏ ယုံကြည်ခြင်းကို ဝေငှရန်နှင့် ယုံကြည်သူများကို တပည့်တော်ဖြစ်စေရန် ( ဦးစောင်သူများဖြစ်လာရန် လေ့ကျင့်ပေးခြင်း )
၂) ယုံကြည်သူအသစ်များကို ဗတ္တိဇံပေးရန်
၃) ဘုရားသခင်၏ ပညတ်ချက်များကို လိုက်နာရန် သူတစ်ပါးတို့ကို သွင်သင်ရန် ကျွန်တော်တို့ကို မိန့်မှာထားသည်။
၂) အစဉ်မပြတ် တိုးပွားများပြားရန်
သမ္မာကျမ်းစာက ပြောသည်မှာ -
ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ်သခင်ဘုရားသည် သင်းဝင်စေတော်မူ၏'' ( တမန် ၂:၄၇ ခ)။
အသင်းတော်ဆိုသည်မှာ ဘုရားသင်ကို ကိုးကွယ်ရန်/ အသင်းတော်ထဲ၌ရှိသော လူများအားဖြင့် ဗတ္တိဇံမင်္ဂလာနှင့် ပွဲတော်မင်္ဂလာကို ဆောင်ရွတ်ရန် ပုံမှန်စုဝေးကြသော ဗတ္တိဇံခံပြီးသည့် ယုံကြည်သူများအုပ်စုဖြစ်သည်။ အနီးအနား၌ရှိသော ရွာကြီးရွာငယ်/ မြို့များ/ ပြည်နယ်များ/ တိုင်းနိုင်ငံများနှင့် အခြားသော လူမျိုးများ/ လူမျိုးစုများထံ၌ အသင်းတော်များတည်ထောင်ရန် လုပ်ဆောင်သောအခါ အသင်းတော်တိုးပွါး ဖြစ်ထွန်းလာသည်။
နိဂုံး
က) ယုံကြည်သူအသီးသီးက မိမိ၏ယုံကြည်ခြင်းကို တက်ကြွစွာ မကြာခဏ ဝေငှရန်လိုအပ်သည်။
ခ) အုပ်စု/ အသင်းတော်အသီးသီးသည် မိမိအသင်းဝင်များအား ဘက်စုံရသော ခေါင်းဆောင်များဖြစ်လာရန် လေ့ကျင့်ပေးရန်လိုသည် ( ပုံမှန်အလုပ်အကိုင်လုပ်နေရင်းဖြင့် တစ်ချိန်တည်းတွင် အမှုတော်လုပ်ငန်းကို လုပ်ဆောင်ခြင်း)။
ဂ) အသင်းတော်အသီးသီးသည် နှစ်စဉ်နှစ်တိုင်း အနည်းဆုံး အသင်းတော်အသစ်တစ်ပါးကို စတင်နိုင်ရန် ရည်ရွယ်ချက်ထားရမည်။ သည့်နောက် ထိုအသင်းတော်သစ်အား အနည်းဆုံး အသင်းတော်အသစ်တစ်ပါးကို စတင်ရန် စိန်ခေါ်ပါ ( ဤလုပ်ငန်းစဉ်ကို ရှေ့ဆက်သွားစေပါ)။
ကျွန်တော်တို့၏ဆောင်ပုဒ်မှာ -
သူတစ်ပါးတို့အား ဘုရားသခင်ကို ယုံကြည်လာရန် ပို့ဆောင်ခြင်းသည် ကြီးမားသော
ဝမ်းမြောက်စရာအကြောင်းဖြစ်သည်။ အသင်းတော်အသစ်တစ်ပါး စတင်လာသည့်အခါ ဝမ်းမြောက်
ခြင်း ထိုထက်ကြီးမားလာပြီး အသင်းတော်အသစ်က အခြားသော အသင်းတော်အသစ်
တစ်ပါးကို ဆင့်ပွားဖြစ်ပေါ်စေသောအခါ အကြီးမားဆုံးသော ဝမ်းမြောက်ခြင်း ဖြစ်ပေါ်
စေသည်။''
အသစ်သောယုံကြည်သူများ > တပည့်တော်များ > ခေါင်းဆောင်များ > အသင်းတော်အသစ်
မှတ်ချက် :
Ebenezer ကျောင်း၏ ကြီးထွားနေသော တပည့်တော် ပုံနှိပ်စာအုပ်မှ ကူးယူဝေငှပေးသည်။
DOWNLOAD PDF file
အသင်းတော်၏အဆုံးစွန်သော ရည်ရွယ်ချက်နှစ်ခုမှာအဘယ်နည်း။ PDF file
in
Booklets
Books
on 9:29:00 AM
0 comments: