ချီးမွမ်းနေမှာ
Download mp3 Download Music Note
Key: D
VERSE 1
ကိုယ်တော်ပေးတဲ့ ကောင်းကြီးများ ချီးမွမ်းကာ ရေတွက်ရင်
ကလေးဘ၀တည်းက ခုထိလောက်ဆို ပြည့်လို့တောင် ပိုနေမလား
အချိန်တွေတိုင်းပဲ အမြဲတမ်းပို့ဆောင် လမ်းပြကွယ်ကာလို့နေ
ဘယ်အခြေအနေမဆို အနီးနား အသင့်ရှိတာ
VERSE 2
ကျော်လွန်ခဲ့တဲ့ နေ့ရက်များကို ဆန်းစစ်ကာပြန်ကြည့်ရင်
အဆိုးဆုံးထဲက အကောင်းဆုံးဖြစ်အောင် ပြုခဲ့တယ် မဟုတ်လား
အလိုတော်လမ်းနဲ့ အဝေးဆုံးရောက်ချိန် စွန့်ပစ်ကာမထားပေ
ကြင်နာစွာပင် စောင့်ရှောက်ထားစမြဲပါ
CHORUS
ချီးမွမ်းစရာတွေ ဘ၀တလျှောက်လုံးအတွက် ပြည့်နှက်လို့နေတာ
အသေးမွှားတွေမက အကြီးမားဆုံးတွေပါ
ချီးမွမ်းကာအမြဲ အသက်တာမှာ သက်ဆုံးတိုင်ပဲ ချီးမွမ်း
ချီးမွမ်းသွားနေမှာ
MG Chi Muan Nay Hmar ချီးမွမ်းနေမှာ/ ဆို - စောဝင်းလွင်/ Album - ဆန္ဒ Myanmar Gospel Song
in
MP3 and LYRICS
on 2:19:00 AM
0 comments: