ကျမ်းစာလေ့လာခြင်းနိဒန်း”
သခင်ယေရှုခရစ်သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းသည် ခရစ်တော်၏ကောင်းမြတ်သောအသက်တာကြောင့် ပေါ်လွင်လာခြင်းမဟုတ်ဘဲ၊ ခရစ်တော်၏ကောင်းမြတ်သောအသက်တာသည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်း ကြောင့်ပေါ်ထွက်လာခြင်းဖြစ်ပါသည်။ ပြင်သစ်ပြည်သား … ခေါ်ဘုရားရှိ၊ မရှိသံသယရှိသူတစ်ဦးက “မင်းတို့ခရစ်ယာန် တွေဟာအလောင်းကောင်မရှိတော့တဲ့သင်္ချိုင်းဂူရဲ့အနံ့နဲ့ အသက်ရှင်နေကြတာပဲ”ဟုပြောဘူးပါသည်။ တမန်တော်များ ၏သွန်သင်ချက်များတွင် ဤအချက်၏စစ်မှန်မှုနှင့် ထူးခြားမှုကိုအလေးအနက်ထားပြီးသဘောပေါက်အောင် လေ့လာ ထားရန် လိုအပ်ပါသည်။
ဤသင်ခန်းစာအရေးကြီးပုံ
၁။ ခရစ်ယာန်ဘာသာကိုစတင်ထူထောင်ခဲ့သော ရုပ်ပိုင်းဆိုင်ရာနိယာမများကို လွန်ဆန်ခဲ့သူ၏ ခန္ဓာကိုယ် အားဖြင့် ရှင်ပြန်ထမြောက်တော်မူခြင်းသည်ဘာသာတရားအမျိုးမျိုးထဲမှခရစ်ယာန်ဘာသာ၏ထူးခြားမှုပင်ဖြစ် ပေသည်။အခြားဘာသာများကိုတည်ထောင်ခဲ့သူများမှာမူ ဤသို့ပြောဆိုခြင်းပင်မပြုခဲ့ကြပေ။
၂။ ကယ်တင်ခြင်းရရှိရန်သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသောခရစ်တော်ကိုယုံကြည်ခြင်းသည် မရှိမဖြစ်လို အပ်ချက်ဖြစ်ပါသည်။ (ရော ၁၀း၉)
၃။ ခရစ်တော်၏သေခြင်းမှရှင်ပြန်ထမြောက်ခြင်းသည် ခရစ်ယာန်တို့၏ အခြေခံယုံကြည်ချက်ဖြစ်သော အောက်ပါ အချက် (၃)ချက်ကိုပိုမိုခိုင်မာစေပါသည်။
(က) လူ့ဇာတိကိုခံယူတော်မူခြင်း (ဟေ ၁၀း၅)
(ခ) အပျိုကညာဝမ်းမှမွေးဖွားခြင်း (မာ ၁း၁၈)
(ဂ) ကျွန်ုပ်တို့၏အပြစ်များအတွက် အမှန်အသေခံတော်မူခြင်း (၁ကော ၁၅း၃။ ၂ကော ၅း၁၄-၁၅)
၎။ ခရစ်တော်၏သေခြင်းမှရှင်ပြန်ထမြောက်ခြင်းက ခရစ်တော်သည် ဘုရားဖြစ်တော်မူခြင်းနှင့် သခင်ဖြစ် တော်မူကြောင်းကိုအတည်ပြုပါသည်။ (၁ကော ၁၅း၅၇။ တ ၁၆း၃၁။ ရော၁း၎) ထိုသခင်၏ဘွဲ့နာမတော်ဖြစ်သော “သခင်ယေရှုခရစ်”ကို သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်း မရှိမီ အသုံးပြုခဲ့ခြင်းမရှိပါ။
၅။ ခရစ်တော်သည် သေခြင်းမှ ပြန်ထမြောက်တော်မမူခဲ့ပါလျှင် သူသွန်သင်ခဲ့သော အကျင့်စာရိတ္တဆိုင်ရာဒေသ နာများ (တောင်ပေါ်ဒေသနာများ)သည် ထူးခြားပြောင်မြောက်မှုရှိမည် မဟုတ်ပေ။
၆။ ရှင်ပြန်ထမြောက်တော်မူခြင်းမရှိခဲ့လျှင် ပင်တေကုတ္တေနေ့မှ အံ့သြဘွယ်ရာများဖြစ်ပေါ်လာမည်မဟုတ်ပေ။ (ယော ၁၄း၁၇။ ယော ၁၆း၇။ တ ၁း၁-၂) သို့ဖြစ်၍ တန်ခိုးတော်အားဖြင့် သက်သေခံခြင်း၊ ရှင်ပြန်ထမြောက်သော အသက်တာသစ်ကိုအသက်ရှင်ခြင်းများလည်း ဖြစ်နိုင်မည်မဟုတ်ပေ။ (ဖိ ၃း၁၀။ တ ၁း၈။ ရော ၆း၎)
၇။ ဓမ္မသစ်ကျမ်းတွင် ဤအကြောင်းကို အလေးထား၍ အကျယ်တ၀င့် ဖော်ပြထားသည်ကိုကြည့်လျှင် မည်မျှ အရေးကြီးကြောင်း သိရှိနိုင်ပါသည်။
က။ သီးသီးသန့်သန့်အကြိမ် (၁၀၀)ထက်မနည်း ဖော်ပြထားပါသည်။
ခ။ ဧ၀ံဂေလိကျမ်းလေးကျမ်းကိုရေးသားသော စာရေးဆရာများက အပြည့်အ၀ ရေးပြသော ဖြစ်စဉ် တစ်ခုဖြစ်ပါသည်။
ဂ။ တမန်တော်ဝတ္ထုတွင် တရားဟောချက်အတို (၂၀)ခန့်ရှိရာ ၄င်းတို့အနက် (၁၃)ခုသည် ရှင်ပြန်ထ မြောက်ခြင်းအကြောင်းကိုသာ ရှင်းပြနေပါသည်။
ဃ။ ရှင်ပေါလုရေးသားသော သြ၀ါဒစာများ၏ အနှစ်သာရသည် ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဖြစ်ပါ သည်။
၈။ ရှင်ပေါလုက (ကော ၁၅း၁၂-၁၉)တွင် ရှင်ပြန်ထမြောက်ခြင်းမရှိခဲ့လျှင် အလွန်ကြောက်မက်ဖွယ် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ရေးသား ဖော်ပြထားခြင်းသည် ၄င်း၏အရေးကြီးမှုကိုသိသာစေနိုင်ပါသည်။ ရှင်ပြန် ထမြောက်ခြင်းမရှိခဲ့ပါလျှင် -
(က) ခရစ်တော်သည် ထမြောက်တော်မမူ (အငယ် ၁၃း၁၆)
(ခ) တမန်တော်ကြီးများဟောပြောခဲ့သမျှသည် အဓိပ္ပါယ်မရှိ၊ အရာမရောက်၊ သွားပုပ်လေလွင့်သာ ဖြစ်မည်။ (ငယ်-၁၄)
(ဂ) ခေတ်အဆက်ဆက် သန့်ရှင်းသူများ၏ ယုံကြည်ချက်တို့မှာလည်း အချည်းနှီးဖြစ်လျက်၊ အကျိုးမဲ့ အဓိပ္ပါယ်မရှိဖြစ်ပေမည်။
(ဃ) သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအကြောင်း ဟောပြောခဲ့ကြသော တမန်တော်ကြီးများနှင့် တရားဟော ဆရာကြီးများသည် လူလိမ်များသာဖြစ်ပါမည်။ (ငယ် -၁၅) (မှားယွင်းပြောဆိုသူ။ လှည့်စားခံရသူ။ အညာမိသူသာ မဟုတ်ဘဲ လူလိမ်သာဖြစ်ပါမည်။)
(င) တမန်တော်ကြီးများသည် ဘုရားသခင်ကိုဆန့်ကျင်၍ မမှန်သောသက်သေခံများသာဖြစ်ပါမည်။ (ငယ်-၅၅)
(စ) သခင်ယေရှုကိုယုံကြည်လျက်မိမိတို့အသက်ကိုစွန့်လွှတ်ကာ သေလွန်ခဲ့သူအားလုံးသည် ဘယ် သောအခါမျှ ထမြောက်တော်မူမည်မဟုတ်ပေ။ (ငယ် ၁၅-၁၈)
(ဆ) ယုံကြည်သူအားလုံး၏ ယုံကြည်ချက်တို့သည် မိုက်မဲမှုသက်သက်သာဖြစ်ပါလိမ့်မည်။ (ငယ်-၁၇)
(ဇ) ယုံကြည်၍ သေလွန်ပြီးသောသူတို့သည်လည်း မိမိတို့အပြစ်နွံထဲ၌ပင် သေကြရလျှင်၊ ပျက်စီးဆုံးရှုံး ခြင်းသက်သက်သာဖြစ်ပါမည်။ (ငယ် ၁၇-၁၈)
(ဈ) ခရစ်ယာန်တို့သည် အပြစ်မှကယ်လွတ်ခြင်းကျေးဇူးကိုမခံရဘဲ၊ အပြစ်နွံထဲ၌ပင် ရှိနေလေဦးမည်ဖြစ် ပါသည်။ (ငယ် ၁၇)
(ည) မည်သူအတွက်မျှ မျှော်လင့်စရာမရှိ၊ အနာဂတ်မရှိ၊ ကောင်းချီးမင်္ဂလာမရှိ၊ သင်္ချိုင်းသည်လူတို့၏ နောက်ဆုံးလမ်းဆုံးပင်ဖြစ်ပါသည်။ (ငယ် ၁၉)
(ဋ) ယုံကြည်သူများသည် လိမ်လည်လှည့်ဖျားခြင်းခံရသူများဖြစ်လျက် လောကတွင်ဆုံးရှုံးမှုအကြီးဆုံး ပုဂ္ဂိုလ်များဖြစ်သဖြင့် သနားစရာကောင်းသူများဖြစ်ပါမည်။ (ငယ် ၁၉)
ခရစ်တော်သည်ရှင်ပြန်ထမြောက်တော်မမူခဲ့လျှင် ဖြစ်ပေါ်လာမည့်အခြားရလဒ်များ။
(က) ခရစ်တော်သည်သူ၏ နောက်တော်သို့လိုက်ခဲ့သူမျာအား လိမ်လည်လှည့်ဖျားခဲ့သူဖြစ်ပါ မည်။
(ခ) ပင်တေကုတ္တေပွဲနေ့သည် စိတ်ကူးယဉ် သောင်းကြမ်းမှုတစ်ရပ်သာဖြစ်ပါမည်။
(ဂ) ခရစ်ယာန်တို့၏ တွေ့ကြုံခံစားမှုများသည်လည်း မှားယွင်းသောစိတ်ကူးများသာဖြစ်ပါမည်။
(ဃ) သမ္မာကျမ်းစာသည် မဟုတ်မမှန် အတုအယောင်သာဖြစ်ပြီး တင်စားချက်သာဖြစ်ပါသည်။
(င) အပြစ်အတွက် အဖြေမရှိပါမည်။
(စ) ကမ္ဘာလောကကြီးသည် မျှော်လင့်ရာမဲ့ဖြစ်ပါမည်။
(ဆ) ထာဝရကာလသည် ကြောက်မက်ဖွယ်ကောင်းသော အမှောင်ထုသာဖြစ်ပါသည်။
သင်ခန်းစာ
၁။ ရှင်ပြန်ထမြောက်တော်မူကြောင်းသက်သေ အထောက်အထားများ
Proofs of the Resurrection
(က) ခရစ်တော်၏သင်္ချိုင်းတော်၌ အလောင်းမရှိတော့ခြင်းနှင့် ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် ရှင်ပြန်ထမြောက်တော်မူခြင်း ခရစ်တော်ရှင်ပြန်ထမြောက်ရာတွင် ၀ိညာဉ်သာရှင်ပြန်ထမြောက်ပြီး ကိုယ်ခန္ဓာသည် သင်္ချိုင်းတွင်း၌ပင်ကျန်ရစ်ခဲ့သည်ဟု မှားယွင်းစွာသွန်သင်မှုများရှိနေပါသည်။ ဓမ္မသစ်ကျမ်းစာပါ ဧ၀ံဂေလိကျမ်းချက်များ၏ဖော်ပြချက်သည် အထက်ပါအဆိုနှင့် လုံးဝဆန့်ကျင် နေပါသည်။
(၁) “သူသည်ဤအရပ်၌မရှိ”ဟူသော ကောင်းကင်တမန်၏ သက်သေခံချက် (မ ၂၈း၆)
(၂) မိန်းမတို့သည် သခင်ယေရှု၏ အလောင်းတော်ကိုမတွေ့ကြ (လု ၂၄း၃)
(၃) မာဂဒမာရိသည် အလောင်တော်ကိုမတွေ့ ( ယော ၂၀း၁)
(၄) ပေတရုနှင့် ယောဟန်တို့သည်လည်း အလောင်းတော်ကိုမတွေ့ကြ ( ယော ၂၀း၃-၇)
(၅) သင်္ချိုင်းတော်ကို စောင့်သောရောမ စစ်သူရဲတို့သည် အလောင်းတော်ကိုခိုးယူခွင့် ပြုမည် မဟုတ်။
(၆) သူခိုး ခိုးခံခဲ့ရပါလျှင် အလောင်းတော်ကိုပတ်ရစ်သော အ၀တ်ပုဆိုးကို ထိုကဲ့သို့စနစ်တကျ ထားခဲ့မည်မဟုတ်ချေ။
(၇) တပည့်တော်များတို့သည် ကိုယ်တော်ကို မှတ်မိလျှက်နှင့်ကိုင်တွယ် စမ်းသပ်ခဲ့ကြပါသည်။ ကိုယ်တော်၏လက်၊ ခြေတို့တွင်သံရိုက်ရာဒဏ်ရာများ ထင်လျှက်ရှိနေပါသည်။ ( ယော ၂၀း၂၅-၂၇)
(၈) မိမိသည် တစ္ဆေမဟုတ်ကြောင်း ခရစ်တော်ကငြင်းပယ်ခဲ့ရပါသည်။ ( လု ၂၄း၃၉ )
(ခ) ရှင်ပြန်ထမြောက်ပြီးနောက် များစွာသော ကိုယ်ထင်ပြမူများ (ခရစ်တော်၏ ကိုယ်ခန္ဓာအားဖြင့် ထင် ရှားစွာဖော်ပြခြင်း) The Fact of the many Christophene (Physical appearances of Christ) after the resurrection.
(၁) မာရိအားထင်ရှားခဲ့သည်။ (ယော ၂၀း၁၄-၁၈)
(၂) တပည့်တော် (၁၀) ပါးတို့အားထင်ရှားခဲ့သည်။ (ယော ၂၀း၂၀)
(၃) တပည့်တော် (၁၁) ပါးတို့အားထင်ရှားခဲ့သည်။ (ယော ၂၀း၂၇-၂၉)
(၄) ဧမောက်ရွာတွင် တပည့်တော် (၂) ပါးတို့အားထင်ရှားခဲ့သည်။ (လု ၂၄း၁၃-၃၂)
(၅) တံငါသည်တို့အားထင်ရှားခဲ့သည်။ (ယော ၂၁း၁၂-၁၄)
(၆) လူ (၅၀၀) တို့အား (၁ ကော ၁၅း၁၆)။ ထိုပုဂ္ဂိုလ်တို့မှာ ရှင်ပေါလု ဤသြ၀ါဒစာကို ရေးနေစဉ် အသက်ရှင်လျှက်ရှိနေသေားသည်ဖြစ်၍ ရှင်ေါလု၏ ရေးသားချက်မမှန် ခဲ့ပါ လျှင် ငြင်းချက်ထုတ်ကြမည်သာ ဖြစ်ပါသည်။
(၇) ရှင်ပေါလုအား ဒမသတ်မြို့လမ်းပေါ်တွင် ထင်ရှားခဲ့သည်။ ( တ ၉ )
(၈) သတေဖန်အား ကျောက်ခဲဖြင့် ပစ်သတ်စဉ်မြင်ရ၏။ ( တ ၇)
(၉) ပေတရု ထိုယေရှုကို ဘုရားသခင်ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက် သေခံဖြစ်ကြ၏။(တ ၂း၃၂)
(၁၀) ပတ်မူကျွန်းပေါ်တွင် ရှင်ယောဟန်အားထင်ရှားခဲ့သည်။ (ဗျာ ၁း၉-၁၈)
(၁၁) လုကာ- အသေခံတော်မူပြီးလျှင် တမာန်တော်တို့အား အရက်လေးဆယ်ပတ်လုံး ကိုယ်ကို ပြ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့် စပ်ဆိုင်သောရာတို့ကို မိန့်မြွက်တော်မူလျှက် မိမိအ သက်ရှင်သည့် အကြောင်ကို ခိုင်ခံ့သောသက်သေအများဖြင့် ပြတော်မူ၏ (တ ၁း၃)
၈။ ကျိုးကြောင်းဆက်နွယ်၍ ပေါ်ထွက်လာသောဖြစ်ရပ်များ
(၁) သခင်ဘုရား၏နေ့။ တ ၂၀း၇။ ၁ကော ၁၆း၂။ ဗျာ ၁း၁၀ စသည်တို့ကို နှိုင်းယှဉ်ကြည့်ပါ။
(၂) ဓမ္မသစ်ကျမ်း ပေါလုသည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသော သခင်ဘုရားကို တွေ့ ဆုံ စကားပြောရသောကြောင့် သြ၀ါဒစာများရေးသားခဲ့ခြင်းဖြစ်ပါသည်။ (တ ၉း၅-၁၅) တမန်တော်ကြီးရှင်ယောဟန်သည် သေခြင်းမှထမြောက်တော်မူသော သခင်ဘုရားကို ကိုယ်တိုင်ကြားလျက် မျက်စိနှင့်မြင်လျက် စေ့စေ့ကြည့်ရှု၍ စမ်း သပ်ခဲ့ပြီးသောကြောင့် ကျမ်းစာကိုရေးရခြင်းဖြစ်ပါသည်။ (၁ယော ၁း၁-၄)တို့ကြောင့် ရှင်ပြန်ထမြောက်ခြင်း မရှိခဲ့ လျှင် ဓမ္မသစ်ကျမ်းသည် ပေါ်ထွက်လာမည်မဟုတ်ပေ။ ကိုယ်တော်၏အကြောင်းအရာများ သည်လည်း ကိုယ်တော်နှင့်အတူ သင်္ချိုင်းတွင်း၌ မြှုပ်နှံလျှက်သာရှိနေပါမည်။
(၃) ပြောင်းလဲကြသော တပည့်တော်များ မ-၂၆း၅၆ ကို တ ၄း၂ ၈၊ ၁၃၊ ၃၁တို့နှင့် နှိုင်းယှဉ် ကြည့်ပါ။ သူရဲပေါနဲ၍ကြောက်ရွံ့တတ်သော တပည့်တော်များ၏ဘ၀သည် ရဲရင့်၍ ကြောက်ရွံ့ခြင်းကင်းသော သက်သေံများအဖြစ် ပြောင်းလဲသွားကြပါသည်။ အဓိက အကြောင်းရင်းမှာ ရှင်ပြန်ထမြောက်ခြင်းကြောင့်ဖြစ်သည်။
(၄) ပင်တေကုတေပွဲနေ့ကြီး။ ယော ၁၆း၇ နှင့် တ ၁း၅-၈ ကိုယှဉ်ဖတ်ပါ။ သခင်ယေရှု ဤ လောကမှထွက်ခွါမသွားလျှင် သန့်ရှင်းသော ၀ိညာဉ်တော် မလာရောက်နိုင်ကြောင်း သခင် ယေရှုက အထင်အရှား မိန့်ကြားခဲ့ပါသည်။ ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော် သည် သန့်ရှင်းသောဝိညာဉ်တော်ကိုစေလွှတ်ရန် ဂတိပေးခဲ့ ပါသည်။ ထို့ကြောင့် ရှင်ပြန် ထမြောက်ခြင်းမရှိလျှင် ပင်တေကုတေပွဲနေ့လဲ မရှိ တန်ခိုးလည်းရှိမည်မဟုတ်ချေ။
(၅) ခရစ်ယာန်အသင်းတော်။ အသင်းတော်သည် နှစ်ပေါင်း(၂၀၀၀) ကာလရှိပြီးဖြစ်သည့်တိုင် ဓမ္မသီချင်းများ၊ ကိုးကွယ်ဝတ်ပြုခြင်းများ၊ အမှုတော်ဆောင်များဖြင့် အောင်ပွဲခံလျှက်ရှိ နေပါသည်။ အကြောင်းရင်းမှာ သေခြင်းမှရှင်ပြန်ထမြောက်ခြင်းကြောင့်ဖြစ်ပါသည်။
၂။ ရှင်ပြန်ထမြောက်ခြင်းတန်ခိုး The Powers of Resurrecttion
(က) ရှင်ပြန်ထမြောက်ခြင်းက ခရစ်တော်သည် ဘုရားဖြစ်တော်မူခြင်းနှင့် ခပ်သိမ်းသောအမှုတို့ကို တတ်စွမ်းနိုင်ကြောင်းကို ဖော်ပြပါသည်။ (ရော ၁း၎)
(ခ) ခရစ်တော်သည် သေခြင်းမှထမြောက်ခြင်းအားဖြင့် ခပ်သိမ်းသော အရာတို့သည် ပျက်စီးခြင်း၌ အဆုံးသတ်ရမည်ဟူသော နိယာမတရားကို၎င်း၊ ကမ္ဘာမြေကြီး၏ ဆွဲငြင်ခြင်းနိယာမတရားကို၎င်း (တက်ကြွတော်မူခြင်း) သေခြင်းတရားကို၎င်း၊ ခရစ်တော်သည် အနိုင်ရအုပ်စိုးတော်မူကြောင်း ဖော်ပြလျက်ရှိပါသည်။ (တ ၂း၂၄။ ၁း၉။ ဖိ ၃း၂၁။ ၁ကော ၁၅း၅၄-၅၇)
(ဂ) အပြစ်ကိုဖယ်ရှားလျက် စာတန်၏လုပ်ဆောင်ချက်များနှင့် တန်ခိုးကို ချေဖျက်ပြီး ကိုယ်တော်ကို ယုံကြည်သောသူတို့ကို အထံတော်သို့ဆွဲယူရန် တန်ခိုးရှိတော်မူကြောင်းကို သေခြင်းမှရှင်ပြန်ထ မြောက်တော်မူခြင်းဖြင့် လောကီသားတို့အား အာမခံအတည်ပြုခဲ့ပါသည်။ (ဟေ ၉း၂၆။ ၁ယော ၃း၈။ ဟေ ၂း၁၄)
(ဃ) သေခြင်းမှရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်သည် “ကောင်းကင်ဘုံ၌၄င်း၊ မြေကြီးပေါ်၌၄င်း စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှကို ငါရပြီ”ဟု မိန့်တော်မူခဲ့ပါသည်။ (မ ၂၈း၁၈)
၃။ သေခြင်းမှရှင်ပြန်ထမြောက်ခြင်း၏ ရည်ရွယ်ချက် THE PURPOSE OF THE RESURRECTION
(က) ယုံကြည်လာမည့်သူများအား အသစ်သောအသက်တာနှင့် တန်ခိုးကိုပေးရန်ဖြစ်ပါသည်။ ခရစ် ယာန်အသက်တာသည် စစ်မှန်၍ အဓိပ္ပါယ်နှင့် ပြည့်စုံအောင် ဖြစ်ပါသည်။
(၁) ယုံကြည်သူတိုင်းသည် ၀ိညာဉ်ရှင်ပြန်ထမြောက်ခြင်းအတွေ့အကြုံကိုရရှိကြပါသည်။ (ရော ၆း၎။ ကော ၃း၁)
(၂) ဘုရားသခင်သည် သခင်ယေရှုကိုသေခြင်းမှရှင်ပြန်ထမြောက်စေသော တန်ခိုးကို ယုံ ကြည်သူတိုင်း တွေ့ကြုံခံစားနိုင်ပါသည်။ (ဖိ ၃း၁၀။ ဧ ၁း၁၉း၂၀)
(၃) ခရစ်ယာန်အသက်တာဆိုသည်မှာ မိမိအထဲ၌ ခရစ်တော်သည် ကိန်းဝပ်အသက်ရှင် ကြောင်း ပြခြင်း။ ခရစ်တော်သည် သေခြင်းမှအသက်ရှင်ကြောင်း မိမိအားဖြင့်ပြခြင်း ဖြစ်ပါသည်။
(ခ) ယုံကြည်သူအပေါင်းကို ကိုယ်ခန္ဓာအားဖြင့် ရှင်ပြန်ထမြောက်လျှက် မင်္ဂလာရှိသောထာဝရအသက် ရှင်ခြင်းကို အာမခံချက်ပေးရန်ဖြစ်ပါသည်။ (၁ကော ၁၅း၂၀-၂၃။ ၁ပေ ၁း၃။ ယော ၁၁း၂၆။ ယော ၁၄း၁၉။ ၁ကော ၁၅း၅၁-၅၇)
(ဂ) မိမိအပြစ်ကိုနောင်တရ၍ ဧ၀ံဂေလိတရားကိုယုံကြည်လက်ခံသော သူတို့အား ရှင်ပြန်ထမြောက် သော အသက်တာကိုသာ မကဘဲ၊ ရှင်ပြန်ထမြောက်သည့်သခင်ကိုပါ ပေးရန်ဖြစ်ပါသည်။ (ဗျာ ၁း၁၈။ ယော ၂၀း၂၉။ ရော ၁၀း၁၂။ တ ၁၀း၃၆။ ရော ၁း၎။ တ ၂း၃၆)
(ဃ) ကျွန်ုပ်တို့ကို ဖြောင့်မတ်ရာ၌ တည်စေကြောင်း အာမခံရန်ဖြစ်ပါသည်။ (ရော ၄း၂၅) ဆောင်ရွက်ရ မည့်အမှုပြီးပြည့်စုံပြီသောကြောင့် ဘုရားသခင်သည် သခင်ယေရှုကိုသေခြင်းမှထမြောက် စေတော် မူ ပါသည်။ ကျွန်ုပ်တို့ အပြစ်များအတွက် အခကိုပေးချေပြီးဖြစ်ပါသည်။ ဘုရားသခင် ကျေနပ်မှုရ လေပြီ။
(င) အပြစ်သည် အမှန်ပင်ရှိပြီး လူတိုင်းသည် မည်သည့်အရပ်တွင်ရှိသည်ဖြစ်စေ မိမိအပြစ်ကိုနောင်တရ လျက် ဘုရားသခင်ထံသို့ လှမ်း၍ ထာဝရကာလအတွက် ပြင်ဆင်ရန် လိုအပ်ကြောင်းကို ရှင်းလင်း စွာ ကြေညာရန်ဖြစ် သည်။ (လု ၁၃း၃။ တ ၁၇း၃၀။ လု ၂၄း၄၆-၄၇။ တ ၂း၂၁။ ရော ၅း၁၂)
(စ) ခရစ်တော်ကိုငြင်းပယ်နေကြသော ကမ္ဘာသူ ကမ္ဘာသားများအား တရားစီရင်မည့်နေ့ရက်သည် လာလေဦးမည်ဖြစ်ကြောင်း အသေအချာသတိပေးရန်ဖြစ်ပါသည်။ (တ ၁၇း၃၁။ ယော ၅း၂၂၊ ၂၇။ ဟေဗြဲ ၁၀း၂၆း၂၇)

0 comments: