===============================
ဗျာဒိတ် ၂း ၁ - ၅
ဧဖက် ...
လောကကြီးမှာ "ချစ်ခြင်းမေတ္တာအကြင်နာ" ဆိုတဲ့ ...
သံယောဇဉ်၊ နားလည်ကိုယ်ချင်းစာခြင်း၊ ဖြည့်ဆည်းပေးခြင်းနှင့် ခွင့်လွှတ်သည်းခံပြီး အခွင့်အရေး နောက်တစ်ခုဆိုတာ ..... မရှိခဲ့ရင် "ရှင်လျက်နဲ့ ငရဲ" လူပြည်ကြီး "ငရဲ" ဖြစ်ပြီ။
ချစ်ခြင်းမေတ္တာဖြစ်တော်မူသော ဘုရားသခင်အားဖြင့်
မိမိရရှိခဲ့တဲ့ ဒီချစ်ခြင်းမေတ္တာတွေ လောကကြီးကို လက်ဆင့်ကမ်းဝေငှခဲ့တယ်။
ဒါကြောင့်မို့လည်း
ဧဖက်... ဧဖက်ဟာ
တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ....
ခေတ်တွေပြောင်းလဲလာသည်နှင့်အမျှ လူနေမူအဆင့်အတန်း မြင့်လာရတယ်။ အသိပညာတွေ တိုးတက်ဖွံ့ဖြိုးလာတယ်။ စီးပွားရေးတိုးတက်လာတယ်။
မှန်တယ်....
ကိုယ့်ရဲ့ "စိတ်ဓါတ်" တွေအရင်ကနှင့် ဘယ်တူတော့မလဲ?
တရားမဝင် ... မတရားတာတွေ လုံးဝလက်မခံတော့ဘူး။ မတိကျမသေချာတတ်တဲ့ ပညာအတတ်မရှိ- အဆင့်မရှိတာတွေ လက်မခံတော့ဘူး။ အရာရာတိုင်းကို အမှားကို သင်ခန်းစာယူလို့ နည်းမျိုးစုံသုံး သေချာစိစစ် စစ်ဆေးလာတယ်။ လောကဓံကို ရင်ဆိုင်နေရင်း အပျင်းမနေ ကြိုးစားအားထုတ်နေတာ တွေ့ရလို့ ဂုဏ်ယူပါတယ်။
ဒါပေမဲ့ ....
ဧဖက် ....
လောကကြီး ပျောက်ကွယ်သွားတဲ့အထိ အရင်က ရခဲ့ဖူး၊ ရှိခဲ့ဖူးတဲ့ ဘုရားရှင်ရဲ့ ချစ်ခြင်းမေတ္တာဟာ အစဉ်လိုအပ်နေအုံးမှာပါ။ ဘာလို့ အဲဒီချစ်ခြင်းမေတ္တာကို စွန့်လိုက်တာလဲ။
နောင်တရပြီး ....
အဲဒီချစ်ခြင်းမေတ္တာကို ပြန်ယူပါ။ အသုံးပြုပါ။ အကျဉ်းတန် ကမ္ဘာကြီးကို ဆက်ဝေငှပေးပါလား?
ဒါမှမဟုတ်ရင် ဘုရားရှင်ရဲ့ အတူပါရှိခြင်း၊ ဝိညာဉ်မီးတိုင် ရုတ်သိမ်းတော့မယ်။
ဧဖက်... ဧဖက် ...
သြော်! ဧဖက်ရယ်...
ဝိညာဉ်တော်မီးအရှိန် မလျော့စေနဲ့။ ထပ်ခါလဲ့လဲ့ မှာကြားနေတာကို လျစ်လျူရှုခဲ့လို့ ... ဘဝပျက်ရပြီ။
ဧဖက် ... ကျသွားရပြီ။ ပျောက်ကွယ်သွားပြီ။
=============
ဒီနေ့
ဘုရားရှင်နဲ့ မိမိဘဝအစပြုချိန်က
တချို့ယုံကြည်သူဟာ နိမ့်ချတတ်တယ်။ တချို့ အလိုက်အရမ်းသိတယ်။ ကျေးဇူးပြုတတ်တယ်။ အပြုံးမျက်နှာရှိတတ်တယ်။ အနစ်နာခံတတ်တယ်။ ကျေးဇူးတော် ချီးမွမ်းတတ်တယ်။ ဂုဏ်တော် သီကျူးတတ်တယ်။ ဆုတောင်းနေတတ်တယ်။ မြတ်နိုး တန်ဖိုးထားတတ်တယ်။ ဆာငတ်တမ်းသ တတ်တယ်။
ဒီအချက်အလက်တစ်ခုခုကြောင့် ဘုရားရှင် နှလုံးတိုထိပြီး၊
သူတို့ရဲ့ နေ့ရက်များကို ကောင်းကြီးပေးလာတယ်။
ဘဝနာ အမှတ်ထားတတ်တဲ့ ညာဏ်ရှိလို့ အရာရာတိုင်းကို စည်းစနစ်ချမှတ်၊ သတိထားလာတတ်တာ ... ဂုဏ်ယူပါတယ်။
ဒါပေမဲ့
ဘုရားရှင် စိတ်တော်တိုထိစေတဲ့ မူရင်းစိတ်ထား "first love" လျော့နဲလာတယ်။ နောင်ဆို မရှိကြတော့ဘူး။
များမကြာမှီ ...
ဧဖက်အသင်းတော်လို ဘုရားရှင်အတူပါရှိခြင်း ရုတ်သိမ်းလိုက်လို့ ကျဆုံး၊ ပျောက်ကွယ်သွားတော့မယ်။
=====
ဘုရားရှင် သခင်အတူပါမရှိရင် ဒီဘဝ၊ ဒီလောကကြီးဟာ "ရှင်လျက်နဲ့ ငရဲ၊ လူပြည်ငရဲ" ဖြစ်ပြီပေါ့။
မိမိမူရင်း အနေအထားသို့ ပြန်လှည့်လာပါ။
°°°°°°°°°°
ref: Ephesian History, nkjv, m.w.g.
Angle of God (Logos)

0 comments: